Product

Plasma Virus Cleaner (PVCa) သည် သေးငယ်သော်လည်း အလွန်အစွမ်းထက်သော Quarantine ကြိုတင် ကာကွယ်ရေးကိရိယာဖြစ်ပြီး Dielectric Barrier Discharge (DBD) နည်းပညာကိုအသုံးပြုထားသည်။ ၎င်းသည်လေ၊ ဗိုင်းရပ်စ်၊ influenzas နှင့် ဘက်တီးရီးယား ကဲ့သို့ ပိုးမွှားများကို ထိရောက်စွာဖယ်ရှားသန့်စင်ရာတွင် အလွန်ထိရောက်ပြီးအလွန်သေးငယ်သော ထုတ်ကုန် တစ်ခုဖြစ်သည်။

အိမ်အတွင်း၊ အိမ်အပြင်၊ ရုံးခန်း၊ ခန်းမ၊ ဟိုတယ်၊ အစည်းအဝေးခန်း၊ ဟောပြောပွဲခန်း၊ ဖျော်ဖြေရေးခန်းမ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံ၊ ဘတ်စ်ကား၊ရထား၊ ရေယာဉ်သင်္ဘော၊ ဓာတ်လှေကား၊ မီးဖိုချောင်၊ ရေချိုးခန်း၊ ဓာတ်ခွဲခန်းများ၊ စားသောက်ဆိုင်များ၊ ဥယျာဉ်ခြံဝင်းများ၊ ပြင်ပဟောပြောပွဲခန်း၊ စိုက်ပျိုးမွေးမြူရေးခြံများ နှင့် လူနေထူထပ်သော ဧရိယာများ တွင် တပ်ဆင်ပြီး သုံးနိုင်ပါသည်။

မီတာ (၃၀) ပတ်လည် မှ မီတာ (၁၀၀) ပတ်လည် ဧရိယာအတွင်း ပိုးမွှားများကို ထိရောက်စွာ ဖယ်ရှားသန့်စင်အသုံးပြုနိုင်ပါသည်။ လူဦးရေများပါက မီတာ (၃၀) မှ မီတာ (၆၀) အတွင်း အနည်းဆုံးပစ္စည်း (၁) ခု၊ မီတာ (၆၀) မှ မီတာ (၁၀၀) အတွင်း အနည်းဆုံးပစ္စည်း (၂) ခု အသုံးပြုရန်အကြံပြုပါသည်။

သေးငယ်သောမော်လီကျူးပြိုကွဲခြင်းဖြင့် စွမ်းအင်ဓာတ်ကြွယ်ဝသော ပလာစမာ (Plasma) ပုံစံ ဖြစ်သော Plasma Genetic Barrier Discharge Technology သည်ပုံမှန် Ion Generator ထက် အဆရာချီပိုမိုစွမ်းဆောင်နိုင်ပါသည်။ (Atmospheric-Plasma Generation မျိုးဗီဇ အတားအဆီးစွန့်ထုတ်သည့်နည်းပညာသည်သမားရိုးကျ ‘Anion Generator Method’ နှင့်ကွဲပြားသည်။)

အောက်ဆီဂျင်အပေါင်း၊ ဟိုက်ဒရိုဂျင်အနုတ်လက္ခဏာအိုင်းယွန်း (Oxygen Positive and Hydrogen Negative Ion) နှင့် နိုက်ထရိုဂျင်ဒြပ်ပေါင်းကို အခြေခံသောပလာစမာသည် အရေပြားအလှအပနှင့် အရေပြားဆဲလ်များ ပြန်လည်မွေးဖွားနိုင်မှု့ကြောင့် ကျန်းမာရေးအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်လုပ်ငန်းကဏ္ဍများတွင် အဓိကအသုံးပြုကြသည်။

ဤထုတ်ကုန်၏ အိုဇုန်းလွှာထုတ်လွှတ်မှုသည်အိမ်သုံးပစ္စည်းများ၏လုံခြုံမှုစံနှုန်းများနှင့်အညီဖြစ်ပြီး (အမြင့်ဆုံးအိုဇုန်းထုတ်လွှတ်မှု (၀.၀၂၂) ppm နှင့် အိမ်သုံးပစ္စည်းများအတွက် ဘေးကင်းလုံခြုံမှုစံနှုန်းများကို လိုက်နာဆောင်ရွက်ထားပါသည်) အိမ်တွင်းအိုဇုန်းလွှာအဆင့် (Indoor Ozone Levels) များကို ထိန်းညှိပေးနိုင်သောကြောင့် ကမ်းခြေများ၊ သစ်တော များနှင့် နှင်းတောများကဲ့သို့ သန့်ရှင်းလတ်ဆတ် အသက်ရှည်စေသော ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်သည်။

ပလာစမာ ဗိုင်းရပ်စ်သန့်စင်စက် (USB) အမျိုးအစားသည် တစ်ကိုယ်ရေအသုံးပြုရန် နှင့် သေးငယ်သောအခန်းများ ၊ မော်တော်ယဥ်များအတွင်း တပ်ဆင်ပြီး အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ဗိုင်းရပ်သန့်စင်စက်ကို အရောင် (၆) မျိုးဖြင့် ထုပ်လုပ် ထားပါသည်။ နံရန်ကပ် ပလာစမာ ဗိုင်းရပ်သန့်စင်စက်၏ လုပ်ဆောင်ပုံအတိုင်း အားလုံးတူညီပြီး ထိရောက်မှု အကွာအဝေးသာ ကွဲပြားမှုရှိပါသည်။ (၂) မီတာ ပတ်လည် အတွင်း အသုံးပြုနိုင်ပါသည်။
တစ်ကိုယ်ရေသုံး ပလာစမာ ဗိုင်းရပ်သန့်စင်စက် (USB) အမျိုးအစား (ဘယ်ဘက်)၊ နံရန်ကပ်တပ်ဆင်အသုံးပြုရသော ပလာစမာ ဗိုင်းရပ်သန့်စင်စက် (SOCKET) အမျိုးအစား (အလယ်)၊ တစ်ကိုယ်ရေသုံး အိတ်ဆောင် လည်ဆွဲ ပလာစမာ ဗိုင်းရပ်သန့်စင်စက် (PORTABLE) အမျိုးအစား (ညာဘက်) စသည့် အမျိုးအစား (၃) မျိုးကို မြန်မာနိုင်ငံအတွက် JPKim Corporation နှင့်   ပူးပေါင်းပြီး UniqueHMS Company မှ တရားဝင်ဖြန့်ဖြူးရောင်းချပါသည်။
ဤ ထုတ်ကုန် ပလာစမာ ဗိုင်းရပ်စ်သန့်စင်စက် (Wall Mounted) အမျိုးအစားသည် အိမ်အတွင်း၊ အိမ်အပြင်၊ ရုံးခန်း၊ ခန်းမ၊ ဟိုတယ်၊ အစည်းအဝေးခန်း၊ ဟောပြောပွဲခန်း၊ ဖျော်ဖြေရေးခန်းမ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံ၊ ရထား၊ ဘတ်စ်ကား၊ ရေယာဉ်သင်္ဘော၊ ဓာတ်လှေကား၊ မီးဖိုချောင်၊ ရေချိုးခန်း၊ ဓာတ်ခွဲခန်းများ၊ စားသောက်ဆိုင်များ၊ ဥယျာဉ်ခြံဝင်းများ၊ ပြင်ပဟောပြောပွဲခန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံများနှင့် လူနေထူထပ်သော နေရာများတွင် တပ်ဆင်ပြီး အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။
ဤ ထုတ်ကုန် ပလာစမာ ဗိုင်းရပ်စ်သန့်စင်စက် (Necklace Type) အမျိုးအစားသည် သယ်ဆောင်ရ လွယ်ကူပြီး တစ်ကိုယ်ရေ အသုံးပြုရန် ရည်ရွယ်ပါသည်။ ထူးခြားချက်မှာ အားပြန်သွင်းနိုင်သော ဘက်ထရီ တပ်ဆင်ထား ပြီး အများသုံးသယ်ယူပို့ဆောင်ရေးကို အသုံးပြုနေစဉ် သို့မဟုတ် လမ်းများပေါ်တွင် ရွေ့လျားနေစဉ် အချိန်နှင့်တပြေးညီ လေထုထဲရှိ အန္တရာယ်ရှိသော ဗိုင်းရပ်စ်များကို ဖယ်ရှားပေးနိုင်ပါသည်။ (၂) မီတာ ပတ်လည် အတွင်း အသုံးပြုနိုင်ပါသည်။ ၎င်းသည် ဘေးကင်းပြီး လူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်သည်။
အိမ်အတွင်း အသုံးပြုရန် နံရန်ကပ် တပ်ဆင်ရသော ပလာစမာ ဗိုင်းရပ်သန့်စင်စက် အဖြူရောင် (အလို အလျောက်ချိန်ညှိခြင်းပါ) အမျိုးအစားသည် ပါဝါဖွင့်ပြီး ပထမ ခလုတ်တစ်ချက်နှိပ်ပါက အဝါရောင်ဖြင့် (၁) နာရီကြာ (၁၀ မှ ၃၀ မီတာ ပတ်လည်)၊ ဒုတိယ ခလုတ်တစ်ချက်နှိပ်ပါက အစိမ်းရောင်ဖြင့် (၈) နာရီကြာ (၃၀ မှ ၆၀ မီတာ ပတ်လည်)၊ တတိယ ခလုတ်တစ်ချက်နှိပ်ပါက အပြာရောင်ဖြင့် (၁၂) နာရီကြာ (၆၀ မှ ၁၀၀ မီတာ ပတ်လည်) အတွင်း အသုံးပြုနိုင်ပြီး၊ နောက်ဆုံး ခလုတ်တစ်ချက်နှိပ်ပါက ပါဝါပိတ်သွားပါမည်။ သတ်မှတ်ထားသောအချိန်ရောက်ပါက အလိုအလျောက်ပိတ်ပါသည်။ ပါဝါပျက်တောက်ပြီးပါဝါပြန်လည်ရရှိပါက ချိန်ညှိထားသည့်အတိုင်း အလိုအလျှောက်လုပ်ဆောင်နိုင်ပါသည်။
အိမ်အတွင်း အသုံးပြုရန် နံရန်ကပ် တပ်ဆင်ရသော ပလာစမာ ဗိုင်းရပ်သန့်စင်စက် မီးခိုးရောင် အမျိုးအစားဖြစ်ပြီး အိမ်အတွင်း (၂၄) နာရီ ဆက်တိုက်အသုံးပြုနိုင်ပါသည်။ ထိရောက်မှုအကွာအဝေး ကို မိမိစိတ်ကြိုက် အဖြူရောင်ကဲ့သို့ ခလုတ် (၃) မျိုးစလုံး အသုံးပြုပြီး ရွှေးချယ်နိုင်ပါသည်။ ပါဝါဖွင့်ပြီး ပထမ ခလုတ်တစ်ချက်နှိပ်ပါက အဝါရောင်ဖြင့် (၁၀) မှ (၃၀) မီတာ ပတ်လည်၊ ဒုတိယ ခလုတ်တစ်ချက်နှိပ်ပါက အစိမ်းရောင်ဖြင့် (၃၀) မှ (၆၀) မီတာ ပတ်လည်၊ တတိယ ခလုတ်တစ်ချက်နှိပ်ပါက အပြာရောင်ဖြင့် (၆၀) မှ (၁၀၀) မီတာ ပတ်လည် အတွင်း အသုံးပြုနိုင်ပါသည်။ မီးခိုးရောင်ကို အိမ်အပြင်တွင် (၂၄) နာရီ အသုံးပြုနိုင်သော အမျိုးအစားလည် ထုတ်လုပ်ပါသည်။
သင့်နေ့စဉ်ဘဝတွင် အဓိက အများသုံးသယ်ယူပို့ဆောင်ရေးကို အသုံးပြုနေစဉ် (သို့) လမ်းများပေါ်တွင် ရွေ့လျားနေစဉ် လေထုထဲတွင် အန္တရာယ်ရှိသော ဓာတ်ငွေ့များ၊ အနံ့ဆိုးများ၊ ဗိုင်းရပ်စ်များကို အချိန်နှင့်တပြေးညီ ဖယ် ရှားနိုင်ပါသည်။ ၎င်းသည် ဘေးကင်းပြီး လူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံဂွမ်းအွန်းတက္ကသိုလ် ဇီဝပလာစမာဓတ်ခွဲခန်းမှ ကိုယ်တိုင်တီထွင်ထားသော Dielectric Barrier Discharge (DBD) ပလာစမာ မျိုးဆက်အင်ဂျင်ကို တပ်ဆင်ထားပါသည်။ ခလုတ်ကို တစ်ချက်နှိပ်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

၂၀၂၂ ခုနှစ် ထုပ်ကုန် အသစ်တစ်ခု အဖြစ် တစ်ကိုယ်ရေသုံး အိတ်ဆောင် လည်ဆွဲ ပလာစမာ ဗိုင်းရပ်သန့်စင်စက် (PORTABLE) အမျိုးအစားကို ထုပ်လုပ်ခဲ့ပါသည်။ ထူးခြားချက်မှာ အားပြန်သွင်းနိုင်သော ဘက်ထရီ စနစ်ပါရှိသောကြောင့် ပြင်ပသို့ ကိုယ်နှင့်မကွာ လွယ်ကူစွာဝတ်ဆင်သယ်ဆောင်နိုင်သော ပစ္စည်းအမျိုးအစား ဖြစ်ပါသည်။ မည်သည့် Type C USB Adaptor နှင့် မဆို အားသွင်းနိုင်ပါသည်။ ဘက်ထရီ တစ်ခါအားသွင်းထားပါက (၃၆) နာရီ အသုံးပြုနိုင်ပါသည်။ အားသွင်းချိန် (၁) နာရီ မှ (၃) နာရီ ခန့် ကြာမြင့်နိုင်ပြီး အားပြည့်ပါက အလိုအလျောက် ပိတ်သည့် စနစ်ပါရှိပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဂွမ်းအွန်း တက္ကသိုလ် ဇီဝပလာစမာဓတ်ခွဲခန်းမှ သုတေသနပြု တီထွင်ပြီး Plabank Co., Ltd. ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကာ JPKim Corporation က တာဝန်ယူပြီ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွက် UniqueHMS Company နှင့် Majestic Bagan Company တို့မှ တရားဝင်ဖြန့်ဖြူးရောင်းချပါသည်။