Donations

ရွှေတိဂုံဘုရားစေတီတော်မြတ်ကြီးအတွက် အလှူဒါန

ရွှေတိဂုံဘုရား စေတီတော်မြတ်ကြီး၏ အစည်းအဝေးခန်းမ နှင့် အထက်ပစ္စယံဘုရားဖူးများ အသုံးပြုနိုင်ရန်အတွက် UniqueHMS Solution Company နှင့် Compu Tech Company တို့ က ပလာစမာနည်းပညာသုံး ဗိုင်းရပ်စ်ပိုးသန့်စင်စက် (Plasma Virus Cleaner) (၂) လုံးကို တာဝန်ရှိ ဂေါပက ထံသို့ (၂၅/၈/၂၀၂၁) နေ့တွင် လှူဒါန်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်အတွက် အလှူဒါန

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်ရှိ တရားထိုင်ခန်းမဆောင်နှင့် ဆွမ်းစားဆောင်တို့တွင် အသုံးပြုနိုင်ရန် UniqueHMS Solution Company နှင့် Compu Tech Company တို့ က ပလာစမာနည်းပညာသုံး ဗိုင်းရပ်စ်ပိုးသန့်စင်စက် (Plasma Virus Cleaner) (၂) ခုကို ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိန်မော် ထံသို့ (၂၂/၁၀/၂၀၂၁) နေ့တွင် လှူဒါန်းခဲ့ပါသည်။

ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်ကြီးအတွက် အလှူဒါန

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ အသုံးပြုရန်အတွက် UniqueHMS Solution Company နှင့် Compu Tech Company တို့ က ပလာစမာနည်းပညာသုံး ဗိုင်းရပ်စ်ပိုးသန့်စင်စက် (Plasma Virus Cleaner) (၁) လုံးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဦးသိန်းဝင်း ထံသို့ (၂၃/၁၀/၂၀၂၁) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအတွက် အလှူဒါန

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် UniqueHMS Solution Company နှင့် Compu Tech Company တို့က ပလာစမာနည်းပညာသုံး ဗိုင်းရပ်စ်ပိုးသန့်စင်စက် (Plasma Virus Cleaner) (၁) လုံးကို ဇီဝိတဒါနသံဃာ့ဆေးရုံကြီး နာယက ဦးဝင်းလွင် ထံသို့ (၂၈/၁၀/၂၀၂၁) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးအတွက် အလှူဒါန

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးတွင် အသုံးပြုနိုင်ရန်အတွက် UniqueHMS Solution Company နှင့် Compu Tech Company တို့ က ပလာစမာနည်းပညာသုံး ဗိုင်းရပ်စ်ပိုးသန့်စင်စက် (Plasma Virus Cleaner) (၁) လုံးကို နှင်းဆီကုန်းဘိုးဘွားရိပ်သာ အုပ်ချုပ်ရေးအဖွဲ့ထံသို့ (၂၈/၁၀/၂၀၂၁) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။