COVID-19 အတွက် လူထုကျန်းမာရေးတုံ့ပြန်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများ

လူဦးရေကိုစောင့်ကြည့်ခြင်း၊ အမှုဖော်ထုတ်ခြင်း၊ အဆက်အသွယ်ခြေရာခံခြင်း နှင့် လူထုနှင့် ဆက်သွယ်မှု တို့အပေါ်အခြေခံ၍ ၀င်ရောက်စွက်ဖက်မှုအကဲဖြတ်ခြင်းအပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ လူထုကျန်းမာရေး တုံ့ပြန်မှုကို ပံ့ပိုးရန်ဒစ်ဂျစ်တယ်နည်းပညာများကိုအသုံးပြုနေကြသည်။ ဤလျင်မြန်သော တုန့်ပြန်မှုများ သည် မိုဘိုင်းလ်ဖုန်းများ၊ ဘီလီယံနှင့်ချီသောအွန်လိုင်းဒေတာစုကြီးများ၊ ချိတ်ဆက်ထားသော ကိရိယာ များ၊ ကုန်ကျစရိတ်နည်း သော တွက်ချက်နိုင်သော ဒစ်ဂျစ်တယ်နည်းပညာသုံးပစ္စည်း အရင်းအမြစ်များနှင့် လူသားတို့၏ဘာသာ စကားကြား စီမံဆောင်ရွက်မှုတို့တွင် တိုးတက်မှုများရှိကြသည်။ ဤသုံးသပ်ချက်သည် ကမ္ဘာတစ်ဝှမ်း COVID-19 လူထုကျန်းမာရေးတုံ့ပြန်မှုအတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများ၏ အောင်မြင် ကျယ်ပြန့်မှုကိုဖမ်းဆုပ်ရန် ရည်ရွယ်ပါသည်။  လူထုကျန်းမာရေးအနာဂတ်သည် ဒစ်ဂျစ်တယ် ပိုဆန်လာဖွယ်ရှိ သည်ဟုသုံးသပ်ကြသည်။ သို့သော် တရား၀င်ကျင့်ဝတ်နှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ အတားအဆီးများ၊ အဖွဲ့အစည်းနှင့် ဝန်ထမ်းဆိုင်ရာအတားအဆီးများအပါအ၀င် ၎င်းတို့၏ အကောင်အထည်ဖော်မှု အတွက် အတား အဆီးများစွာရှိသည်ကိုတွေ့နေရပါသည်။ ကပ်ရောဂါစီမံခန့်ခွဲမှုအား ကောင်းလာစေရန်၊ COVID-19 နှင့် အခြား ကူးစက်ရောဂါများ အတွက် အနာဂတ်ကြိုတင် ပြင်ဆင်မှုများကို နိုင်ငံတကာမဟာဗျူဟာများနှင့် ညီညွှတ်မှု လိုအပ်ချက်ကို ကျွန်ုပ်တို့ပြန်လည်သုံးသပ်သင့်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *