Let’s get in touch
No.388, 6A, 6th Floor, Wireless 3rd Street, Infront of Gems Museum, Kabaraye Pagoda Rd, Mayangone Township, (11061), Yangon, Myanmar. (+95) 9253 688883 ~ 84, 9753 871781
တိုက်အမှတ် (၃၈၈)၊ အခန်းအမှတ် (၆က)၊ (၆) လွှာ၊ ဝါယာလက် (၃) လမ်း၊ ကျောက်မျက်ရတနာပြတိုက်ရှေ့၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ P.O. Box (11061)
ဖုန်း – (+၉၅) ၉၂၅၃ ၆၈၈၈၈၃ ~ ၈၄၊ (+၉၅) ၉၇၅၃ ၈၇၁၇၈၁။
info@plasmamyanmar.com …..::::::….. www.plasmamyanmar.com, www.plasmamm.com
ကျွန်ုပ်တို့ သင်၏လိုအပ်ချက်ကိုသိပါရစေ။
သင်၏ လိုအပ်ချက်နှင့် ဆိုင်တဲ့ဖော်ပြချက်တစ်ကြောင်းကို ကျေးဇူးပြုပြီးရေးပေးပါ။ သင်လိုအပ်သောအရာကိုမတွေ့ပါက၊ ဖုန်း (+၉၅) ၉၂၅၃ ၆၈၈၈၈၃ ~ ၈၄၊ (+၉၅) ၉၇၅၃ ၈၇၁၇၈၁ သို့ အသေးစိတ် မေးမြန်းနိုင်ပါသည်။
ချားလ်စ်ရစ်ချတ်ဒရူးသည် အာဖရိကန်အမေရိကန်ခွဲစိတ်ဆရာဝန်နှင့်ဆေးသုတေသနပညာရှင်တစ်ဦးဖြစ်ပြီး သူသည် သွေးသွင်းခြင်းနယ်ပယ်တွင် သုတေသနပြုကာ ပိုမိုကောင်းမွန်သော သွေးပလာစမာများကို သွေးလှူဘဏ် များတွင် စီမံပြီးသိုလှောင်ရန် နည်းစနစ်များကိုတီထွင်ခဲ့သည်။ ပါရဂူဘွဲ့စာတမ်းတစ်ခုဖြစ်သည့် “Banked Blood: A Study on Blood Preservation” သွေးထိန်းသိမ်းမှုဆိုင်ရာ နည်းစနစ်များကို ပြည့်စုံစွာလေ့လာပြီးရေးခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နှင့် ဗြိတိန်လူမျိုးများ ၏သွေးရည်ကြည် သိုလှောင်မှု၊ သွေးရည်ကြည်များ သယ်ယူပို့ဆောင်နိုင်ခြင်း တို့ကြောင့် ရာပေါင်းများစွာ၏ အသက်ကိုကယ်တင်ခဲ့ပြီး ယနေ့ထိ ပလာစမာနည်းပညာဖြင့် ဆက်လက်ကယ်တင်မှု အစီအစဉ်များကို လုပ်ဆောင်နေဆဲဖြစ်ပါသည်။ သွေးလှူဒါန်းခြင်းတွင် လူမျိုးရေးခွဲခြားခြင်းအလေ့အထကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး အမေရိကန်ကြက်ခြေနီ အသင်းမှ (၁၉၅၀) ခုနှစ်တွင် ရာထူးနှုတ်ထွက်ခဲ့သည်။
ချားလ်စ်ရစ်ချတ်ဒရူ
ကျွန်ုပ်တို့ရဲ့အချိန်တိုင်းသူရဲကောင်းတွေထဲကတစ်ယောက်က Irving Langmuir၊၊ ဓာတုဗေဒ နဲ့ ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး ကုန်ထုတ် လုပ်မှုသိပ္ပံပညာရှင်၏အခန်းကဏ္ဍ အတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ Plasma ဝေါဟာရကိုတီထွင်ခဲ့ပြီး ပုံမှန်လေဖိအားအောက်တွင် Ionized ဓာတ်ငွေ့များ၏ စုပေါင်းလုပ်ဆောင်ပုံကိုဖော်ပြရန်ပထမဆုံးသောသိပ္ပံပညာရှင်ဖြစ်ခဲ့သည်။ သူသည်အီလက်ထရွန်အပူချိန်၏ သဘောတရားကိုမိတ်ဆက်ခဲ့ပြီး (၁၉၂၄) တွင်ယခု Langmuir Probe ဟုခေါ်သော Electrostatic Probe ကိုတီထွင်ခဲ့ပြီး Standard Plasma Diagnostic ဖြစ်လာသည်။ သူသည် ဟိုက်ဒရိုဂျင်အက်တမ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးဟိုက်ဒရိုဂျင်အက်တမ်ဂဟေ ဆော်ခြင်းလုပ်ငန်းစဉ်ကိုတီထွင်ခဲ့သည်။ ပထမဆုံးပြုလုပ်ခဲ့သော Plasma Weld ဖြစ်သည်။ သူကို မျက်နှာပြင်သိပ္ပံ၏ဖခင်ဟုမကြာ ခဏရည်ညွှန်းလေ့ရှိပြီး (၁၉၃၂) တွင် ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့သည်။ မိုးတိမ်ကိုမျိုး စေ့ချ၍ မိုးကိုထုတ်လုပ်ပေးနိုင်သောပထမဆုံးသူဖြစ်သည်။
Irving Langmuir
Sir William Crookes သည် လန်ဒန်ရှိ Royal College of Chemistry တွင် တက်ရောက်ခဲ့ပြီး Spectroscopy တွင် လုပ်ကိုင်ခဲ့သည်။ ပလာစမာ၏ ပထမဆုံးသိပ္ပံနည်းကျဖော်ပြချက်ကို (၁၈၇၅) ခုနှစ်တွင် ပြုလုပ်ခဲ့သော Crookes Cathode Ray Tube တွင် “Radiant Matter” ဟုခေါ်သည်ကိုရည်ညွှန်း၍ ပြုလုပ်ခဲ့ပြီး လေဟာ နယ်ပြွန်များ၏ ရှေ့ဆောင်တစ်ဦးဖြစ်ခဲ့သည်။ ဓာတုဗေဒနှင့် ရူပဗေဒတစ်ခုလုံးကို ပြောင်းလဲသွားစေသည့် အက်တမ် အမှုန်များ ပါ၀င်သည့် အက်တမ်ပုံစံတစ်ခုကို အဆိုပြုနိုင်သည့် အခြေခံရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်သည်။ Spectroscopy ၏အကူအညီဖြင့် (၁၈၆၁) ခုနှစ်တွင်ကြေငြာခဲ့သော thallium ဒြပ်စင်ကို ရှာဖွေတွေ့ရှိခြင်း၊ (၁၈၆၅) ခုနှစ်တွင် ကုန်းတွင်းရှိ ဟီလီယမ်ရောင်စဉ်ကို ပထမဆုံးဖော်ပြခဲ့သူလည်းဖြစ်သည်။ Crookes ရေဒီယိုမီတာကို တီထွင်ခဲ့သူဖြစ်သော်လည်း သူတွေ့ရှိခဲ့သည့်ဖြစ်စဉ်၏ အစစ်အမှန်ရှင်းလင်းချက်ကို ပိုင်းခြား၍မရနိုင်ခဲ့ပါ။ သူသည် (၁၀၀) ရာခိုင်နှုန်း ခရမ်းလွန်ရောင်ခြည်ဒဏ်ခံနိုင်သော နေကာမျက်မှန်ကို တီထွင်ခဲ့သည်။
Sir William Crookes