Author: Ye Kyaw Thein

ပလာစမာ နည်းပညာ နှင့် လူနေမှုဘ၀ပတ်ဝန်းကျင်အခန်းကဏ္ဍ၊

ရူပဗေဒပညာရှင်များနှင့်ဓာတုဗေဒပညာရှင်များသည်ပလာစမာအကြောင်းကိုမကြာသေးမီအချိန်မှသာပြောဆိုနေကြသော်လည်းပလာစမာနှင့်ပတ်သက်သောဖြစ်စဉ်များသည်ရှေးဦးကာလကတည်းက လူသားတို့၏ လူနေမှု ဘ၀ပတ်ဝန်းကျင် အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။ ဆန်းသစ်သောကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ လူသုံးကုန် ပစ္စည်းများ ပေါင်းစပ်မှုများ၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ ထုပ်ပိုးမှုနည်းပညာ၊ လူနေမှုအဆောက်အဦးများ၊ ချည်ထည်လူ့အသုံးအဆောင်ပစ္စည်းများ နှင့် နည်းပညာစွမ်းအင်ပုံစံ အသစ်များ အပါအ၀င် စက်မှုလုပ်ငန်းနယ်ပယ်များ အားလုံးအတွက် အသုံးပြုခဲ့ကြပါသည်။

သင်ရဲ့ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး လုံခြုံအောင်လုပ်ပါ။

3Cs ကိုရှောင်ပါ။ (Spaces that are Closed၊ Crowded or involve Close contact.)၊ ပိတ်ထားသောနေရာများ၊ လူစုလူဝေးများသောနေရာများ (သို့) အနီးကပ်ထိတွေ့မှုရှိသော နေရာများတို့ကို ရှောင်သင့်သည်။ အပြင်မှာလူတွေနဲ့တွေ့ပါ။ အထူးသဖြင့် မိုးလုံလေလုံနေရာများသည် သေးငယ်ပြီးပြင်ပလေမ၀င်ရောက်နိုင်လျှင် အိမ်ပြင်တွင် စုဝေးခြင်းသည် ပိုမိုလုံခြုံပါသည်။ အိမ်တွင်းနေရာများတွင်တွေ့ ရပါက ဤ ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ပါ။ (၁) အိမ်အတွင်း၌ သဘာဝလေ၀င်လေထွက်ပမာဏကိုမြှင့်ရန် ပြတင်းပေါက်များကိုဖွင့်ပါ။ (၂) Mask ကို စနစ်တကျတပ်ပါ။ (၃) ပလာစမာ (Plasma) နည်းပညာ အသုံးပြုထားသည့် Plasma Virus Cleaner ပစ္စည်းများကို တပ်ဆင်အသုံးပြုပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားပါ။ (တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဂွမ်းအွန်း တက္ကသိုလ် ဇီဝပလာစမာဓတ်ခွဲခန်းမှ သုတေသနပြု […]

သင်သည် ကောင်းမွန်သော တစ်ကိုယ်ရေသန့်ရှင်းမှုရရှိစေရန် ပြုလုပ်သင့်သည်။

လက်ကို ဆပ်ပြာ၊ ဆပ်ပြာရေ (သို့) အရက်ပျံ ဖြင့်စင်ကြယ်စွာဆေးကြောပါ။ ၎င်းသည် ဗိုင်းရပ်စ်အပါအ၀င် သင်၏လက်၌ရှိသောပိုးမွှားများကိုဖယ်ရှားနိုင်ပါသည်။ နှာချေ၊ ချောင်းဆိုးလျှင်သင်၏ပါးစပ်နှင့်နှာခေါင်းကိုတံတောင်ဆစ် (သို့) တစ်သျှူးဖြင့် ဖုံးအုပ်စွန့်ပစ်ပါ။ သုံးပြီးသား တစ်သျှူးများကို အဖုံးပိတ်ပုံးထဲသို့ချက်ချင်း ထည့်ပါ။ လက်ကို စင်ကြယ်စွာဆေးပါ။ အထူးသဖြင့် တံခါးလက်ကိုင်များ၊ ဖုန်းနှင့်ဖုန်းမျက်နာပြင်များ၊ ရေဘုံပိုင်ခေါင်းမျာ၊ အိမ်သော့၊ ကားသော့များ ကဲ့သို့ပုံမှန်ထိတွေ့နေသောအရာများကို ထိတွေ့ပြီပါက မကြာခဏသန့်ရှင်းရေးပြုလုပ်ပါ။

Plasma သန့်ရှင်းရေးဆိုတာဘာလဲ။

ပလာစမာသန့်ရှင်းရေးဆိုသည်မှာ ပလာစမာဟုခေါ်သော ဓာတ်ငွေ့ သုံး၍ အရာဝတ္ထုတစ်ခု၏ မျက်နှာပြင်မှအရာဝတ္ထုအားလုံးကို မျက်နှာပြင်မှဖယ်ရှားခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းကိုယေဘုယျအားဖြင့်အောက်ဆီဂျင် (သို့) အာဂွန်ဓာတ်ငွေ့ သုံး၍ လေဟာနယ်ခန်း တစ်ခုတွင်ပြုလုပ်သည်။ သန့်ရှင်းရေးလုပ်ငန်းစဉ်သည် ပြင်းထန် သောဓာတုပစ္စည်းများမပါ၀င်သောကြောင့် သဘာဝပတ်ဝန်းကျင်လုံခြုံသောလုပ်ငန်းစဉ်ဖြစ်သည်။ ပလာစမာသည် မျက်နှာပြင်ပေါ်ရှိ Free Radical ကို မကြာခဏ သန့်ရှင်းစေပြီးထိုမျက်နှာပြင်ကိုပိုမိုခိုင်ခံ့စေပါသည်။

COVID-19 အတွက် လူထုကျန်းမာရေးတုံ့ပြန်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများ

လူဦးရေကိုစောင့်ကြည့်ခြင်း၊ အမှုဖော်ထုတ်ခြင်း၊ အဆက်အသွယ်ခြေရာခံခြင်း နှင့် လူထုနှင့် ဆက်သွယ်မှု တို့အပေါ်အခြေခံ၍ ၀င်ရောက်စွက်ဖက်မှုအကဲဖြတ်ခြင်းအပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ လူထုကျန်းမာရေး တုံ့ပြန်မှုကို ပံ့ပိုးရန်ဒစ်ဂျစ်တယ်နည်းပညာများကိုအသုံးပြုနေကြသည်။ ဤလျင်မြန်သော တုန့်ပြန်မှုများ သည် မိုဘိုင်းလ်ဖုန်းများ၊ ဘီလီယံနှင့်ချီသောအွန်လိုင်းဒေတာစုကြီးများ၊ ချိတ်ဆက်ထားသော ကိရိယာ များ၊ ကုန်ကျစရိတ်နည်း သော တွက်ချက်နိုင်သော ဒစ်ဂျစ်တယ်နည်းပညာသုံးပစ္စည်း အရင်းအမြစ်များနှင့် လူသားတို့၏ဘာသာ စကားကြား စီမံဆောင်ရွက်မှုတို့တွင် တိုးတက်မှုများရှိကြသည်။ ဤသုံးသပ်ချက်သည် ကမ္ဘာတစ်ဝှမ်း COVID-19 လူထုကျန်းမာရေးတုံ့ပြန်မှုအတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများ၏ အောင်မြင် ကျယ်ပြန့်မှုကိုဖမ်းဆုပ်ရန် ရည်ရွယ်ပါသည်။  လူထုကျန်းမာရေးအနာဂတ်သည် ဒစ်ဂျစ်တယ် ပိုဆန်လာဖွယ်ရှိ သည်ဟုသုံးသပ်ကြသည်။ သို့သော် တရား၀င်ကျင့်ဝတ်နှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ အတားအဆီးများ၊ အဖွဲ့အစည်းနှင့် ဝန်ထမ်းဆိုင်ရာအတားအဆီးများအပါအ၀င် ၎င်းတို့၏ အကောင်အထည်ဖော်မှု အတွက် အတား အဆီးများစွာရှိသည်ကိုတွေ့နေရပါသည်။ ကပ်ရောဂါစီမံခန့်ခွဲမှုအား ကောင်းလာစေရန်၊ COVID-19 […]

Plasma Virus Cleaner ဆိုတာဘာလဲ။

ပလာစမာ (Plasma) နည်းပညာသုံး Plasma Virus Cleaner ပစ္စည်းအမျိုးအစားသည် ~ အောက်ဆီဂျင်စနစ်၏ အိုဇုန်းကိုထုတ်လွှတ်ခြင်းဖြင့် လေထုထဲရှိ ဗိုင်းရပ်စ်၊ တုပ်ကွေးနှင့် ဘက်တီးရီးယားကဲ့သို့ သောရောဂါပိုးများကိုဖယ်ရှားပေးနိုင်ပါသည်။ ပတ်ဝန်းကျင်လေထုထဲရှိ အနံ့ဆိုးများကို ပျောက်ကင်းစေသောအာနိသင်ရှိပါသည်။ အရေပြားအလှအပနှင့် အရေပြားဆဲလ်များ ပြန်လည်မွေးဖွားမှုကို ဖြည့်စွမ်းပေးနိုင်ပါသည်။ အိမ်တွင်းအိုဇုန်းလွှာအဆင့် (Indoor Ozone Levels) များကို ထိန်းညှိပေးနိုင်သောကြောင့် ကမ်းခြေများ၊ သစ်တော များနှင့် နှင်းတောများကဲ့သို့ သန့်ရှင်းလတ်ဆတ် အသက်ရှည်စေသော ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်သည်။ လေထုသန့်ရှင်းမှု့ကြောင့် ကောင်းမွန်စွာအိပ်စက်ခြင်းကိုအားပေးပါသည်။

PlasmaJet စနစ်၏ အားသာချက်များ

PlasmaJet စနစ်ဖြင့် တိကျသော ပလာစမာ (Plasma) စွမ်းအင်အဖြစ် ထုတ်လွှတ်သည်။ တစ်သျှူးများနှင့်ထိတွေ့လျှင်လျင်မြန်စွာအငွေ့ပျံသည်။ တစ်သျှူးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုကိုထိန်းချုပ်ပေးသည့်အပြင် အပူဒဏ်အနည်းဆုံးဖြစ်စေသည်။ (အခြား လျှပ်စစ်ခွဲစိတ်ကိရိယာများသည် ပိုမိုမြင့်မားသော ပါဝါဆက်တင်များ (သို့မဟုတ်) ပိုမိုကြာရှည်သော အချိန်ကြားကာလ အကျိုးသက်ရောက်မှုများသည် အပူပြန့်ပွားမှုကိုဖြစ်ပေါ်စေသည်။) မည်သည့် လူနာတစ်သျှူး ကိုမျှလျှပ်စစ်မပို့ပါ။

ပလာစမာစွမ်းအင်ကို အသုံးချ၍ အသုံးဝင်သောနည်းလမ်းများ

PlasmaJet စနစ်သည် ခွဲစိတ်မှုတွင် ဆန်းသစ်သော လက်တွေ့အသုံးချမှုများနှင့် အဆင့်မြင့်ပလာစမာစွမ်းအင်နည်းပညာကို ကိုယ်စားပြုသည်။ PlasmaJet သည်အလိုရှိသောတစ်သျှူးအကျိုးသက်ရောက်မှုကို ဖန်တီးရန်သန့်ရှင်းသော ပလာစမာစွမ်းအင်ကိုသုံးသော တစ်ခုတည်းသော ကိရိယာဖြစ်သည်။

မည်ကဲ့သို့သော Plasma ဖြစ်စဉ်များရှိပါသနည်း။

အနိမ့်(သို့မဟုတ်)အမြင့်ဖိအားပလာစမာနှင့်မတူဘဲ၊ လေထုပလာစမာကိုပုံမှန်ဖိအားအောက်တွင်ထုတ်လုပ်သည်။ မူပိုင်ခွင့်ရရှိထားသောOpenair®ဂျက်နည်းပညာဖြင့်ယခုအခါစက်မှုလုပ်ငန်းသုံးထုတ်လုပ်မှုလုပ်ငန်းစဉ်များအတွက်ပုံမှန်ဖိအားအောက်တွင်မြင့်မားထိရောက်သောပလာစမာကိုသုံးနိုင်ပြီဖြစ်သည်။

ပလာစမာစွမ်းအင်သည်ကမ္ဘာကြီးကိုပြောင်းလဲစေသည် (Plasma energy changes the world)

ပလာစမာ (Plasma) ဟူသောအသုံးအနှုန်းသည် အဆင့်မြင့်မားမှု့နှင့် မတည်ငြိမ်သောစွမ်းအင်အဆင့်ရှိသော အရာ၀တ္ထုများအဖြစ် သတ်မှတ်ကြပါသည်။ ပလာစမာ (Plasma) သည် ပလတ်စတစ်နှင့် သတ္တုကဲ့သို့သော အစိုင်အခဲပစ္စည်းများနှင့် ထိတွေ့သောအခါ ၎င်း၏စွမ်းအင်ဓာတ်ပြောင်းလဲမှုကို မျက်နှာပြင်များပေါ်တွင် အလျှင်အမြန်လုပ်ဆောင်ပြီး မျက်နှာပြင်စွမ်းအင်ကဲ့သို့ အရေးကြီးသော ဂုဏ်သတ္တိများကိုပြောင်းလဲစေနိုင်သည်။ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပစ္စည်း၏ဝိသေသလက္ခဏာများကို ရွေးချယ်ပြုပြင် မွမ်းမံရန် ဤအခြေခံမူကို အသုံးပြုကြသည်။ ယနေ့ခေတ်တွင် ဓာတုမျက်နှာပြင်ကုသမှုလုပ်ငန်းစဉ်များစွာကို Open Air-Plasma ကုသမှုဖြင့်အစားထိုးနိုင်သည်။ ထို့ကြောင့် ပလာစမာနည်းပညာသည် ကမ္ဘာပေါရှိ ပတ်ဝန်းကျင်အားလုံးတွင် အသုံးပြုနိုင်ပါသည်။