အိမ်တွင်းလေထုနှင့်ကိုရိုနာဗိုင်းရပ်စ် (COVID-19)

COVID-19 ပြန့်ပွားမှုသည် လေထဲတွင်အမှုန်အမွှားများနှင့် အရည်များမှတစ်ဆင့်ဖြစ်ပေါ်သည်။ COVID-19 ကူးစက်ခံရသူများသည် အသက်ရှူထုတ်သောအခါ (ဥပမာ-ငြိမ်သက်စွာအသက်ရှူခြင်း၊ စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း) တို့ကိုလေထဲသို့စွန့်ထုတ်နိုင်သည်။ သေး ငယ်သောအရာများ (သို့) aerosol အမှုန်များသည်အရွယ်အစားအမျိုးမျိုးကွဲပြားနိုင်ပါသည်။ မြင်နိုင်သည့် အရွယ်အစားမှ အဏုကြည့်အရွယ်အစား ဖြစ်နိုင်ပါသည်။ ကူးစက်တတ်သော အမှုန်အမွှားများနှင့် အမှုန်များ ကို ရှူထုတ်လိုက်သည်နှင့် ၎င်းသည်လူ (အရင်းအမြစ်) မှအပြင်သို့ရွေ့သွားပါသည်။ ဤအမှုန်များသည် ဗိုင်းရပ်စ်ကို သယ်ဆောင်ပေးပြီးရောဂါကူးစက်နိုင်ပါသည်။ အိမ်အတွင်း အခန်းအတွင်း ၌ အလွန်သေး ငယ်သော အမှုန်များ နှင့် လေထုထဲရှိ အမှုန်များ ဆက်လက်စုပြုံပျံ့နှံ့သွားနိုင်သည့် သဘောဖြစ်ပါသည်။

COVID-19 သည် ကူးစက်တတ်သော SARS-CoV-2 ကဲ့သို့ ဗိုင်းရပ်စ်ပိုးပါသော အသက်ရှူလမ်းကြောင်းမှ အရည်များနှင့်ထိတွေ့ခြင်းကြောင့်ကူးစက်ခံရသူတစ်ဦးသည်ချောင်းဆိုးခြင်း (သို့) အနီးအနားတွင် စကားပြောခြင်းတို့ပြုလုပ်ခြင်းမှ ကူးစက်နိုင်သည်။ ၎င်းတို့သည် ရောဂါရှိသူထံမှပျံ့နှံ့နေသော Aerosol အမှုန်များကိုရှူရှိုက်ခြင်းဖြင့်လည်းထိတွေ့ ကူးစက်နိုင်သည်။ ထို့ကြောင့် လေထုထဲရှိ ဗိုင်းရပ်စ်ပိုး ရှူရှိုက်မိ ခြင်းမှ COVID-19 ကူးစက်ခြင်းသည် ခြောက်ပေထက်ပိုသော အကွာအဝေးများတွင်ဖြစ်ပွားနိုင်ပါသည်။ ရောဂါရှိသူထံမှအမှုန်များသည်တစ်ခန်းလုံး (သို့) မိုးလုံလေလုံနေရာတစ်လျှောက်လုံးရွေ့သွားနိုင်သည်။ လူတစ်ဦး သည်အခန်းမှ ထွက်ခွာသွားပြီးနောက် အမှုန်များသည်လည်း လေထဲတွင် ဝဲပျံနေနိုင်ပြီး အချို့ ကိစ္စများတွင်နာရီပေါင်းများစွာလေထဲတွင်ရှိနေနိုင်ပါသည်။ တစ်စုံတစ်ယောက်၏ အကျိအချွဲ၊ အရည်များ နှင့် ရောဂါပါအမှုန်များသည် အခြားသောသူများထံ (အမြှေးပါးများ) ပေါ်သို့ တိုက်ရိုက်  (သို့) တဆင့်ထိတွေ့ နိုင်ပါသည်။ မသန့်ရှင်းသော ညစ်ညမ်းသောမျက်နှာပြင်များနှင့် ထိတွေ့ခြင်းဖြင့် ကူးစက်ခြင်းသည် တစ်ခါ တစ်ရံတွင် ဖြစ်နိုင်ချေနည်းသော်လည်း ယခုဤလမ်းကြောင်းသည်ဖြစ်နိုင်ခြေနည်းများ နိုင်သည်ဟု ယူဆ ရပါသည်။

ဗိုင်းရပ်စ်သယ်ဆောင်လာသောအမှုန်များကိုရှူမိခြင်းဖြင့်ရောဂါကူးစက်နိုင်ခြေကိုယေဘူယျအားဖြင့်ရောဂါကူးစက်ခံရသူများနှင့်အကွာအဝေးနှင့်အချိန်အားဖြင့်လျော့နည်းစေသော်လည်းအချို့အခြေအနေများသည်ကူးစက်နိုင်ခြေကိုမြင့်တက်စေနိုင်ပါသည်။

EPA United States Environmental Protection Agency website မှ အကြောင်အရာ ကို ဘာသာပြန် ဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *