ကိုဗစ်-(၁၉) ရောဂါ မိမိကစ၍ ကာကွယ်ပါ-

(၁) တတ်နိုင်သလောက်အိမ်မှာနေပါ၊

(၂) အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို မဖြစ်မနေတပ်ဆင်ပါ၊

(၃) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ အချင်းချင်း အသိပေး/သတိပေးပါ၊

(၄) လူစုလူဝေးရှောင်ပါ၊

(၅) လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊

(၆) လေဝင်/လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊

(၇) အိမ်ပြင်သို့ထွက်လေ့ရှိပါက အိမ်ရှိအသက်အရွယ်ကြီးရင့်သူ/နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၊

(၈) ပါးစပ်နှင့်နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသော စျေးရောင်းသူများထံမှ စျေးမဝယ်ပါနှင့်၊

(၉) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက်အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊

(၁၀) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ၊

(၁၁) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျ ပါဝင်ပူးပေါင်း ဆောင်ရွက်ပါ၊

(၁၂) ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *